စစ်ကောင်စီ၏ ပင်းပက်-မြင်းခြံ သံမဏိထုတ်လုပ်မှုအတွက် အကြီးစားကျောက်မီးသွေးတူးဖော်မှုကို ရှမ်းပြည်အလယ်ပိုင်းတွင်စတင်နေ

၂၀၂၂ခုနစ်အောက်တိုဘာလ လလယ်ပိုင်းမှစတင်ကာ ရှမ်းပြည်အလယ်ပိုင်း ကျေးသီးမြို့နယ်တွင် အကြီးစားကျောက်မီးသွေးတူးဖော်မှုကိုစတင်နေခဲ့ပြီးဖြစ်သည်။ ထိုကျောက်မီးသွေးများအား တောင်ကြီးမြို့အနီးရှိ ပင်းပက်သံနှင့်သံမဏိစက်ရုံတွင် လောင်စာအဖြစ်အသုံးပြုမည်ဖြစ်ပြီး မန္တလေးတိုင်းရှိ မြင်းခြံသံမဏိစက်ရုံအတွက် သံသတ္တုများထုတ်လုပ်ရန်အတွက်ဖြစ်သည်။ ဤထုတ်လုပ်မှု၏ အကျိုးဆက်အနေဖြင့် စစ်ကောင်စီ၏ကာလရှည်ကြာစွာချုပ်ကိုင်ထားသည့်အစီအစဥ်ဖြစ်သော ပြည်တွင်းသံမဏိထုတ်လုပ်မှုကို တိုးမြှင့်ရန်နှင့် စစ်ကောင်စီ၏ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို ပိုမိုခိုင်မာအားကောင်းလာစေရန် အကောင်အထည်ဖော်ပေးလိမ့်မည်။ ပင်းပက်၊မြင်းခြံသံနှင့်သံမဏိစက်ရုံတို့ကို ယခင်နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(စစ်အစိုးရ) လက်ထက်တွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့သည်။ မည်သည့်အခါမှတည်ဆောက်ပြီးစီးခဲ့ခြင်းမရှိပဲ ၂၀၁၇ ခုနစ်တွင် NLD အစိုးရမှ ငွေကြေးပြသနာများကြောင့် ဆိုင်းငံ့ခဲ့သည်။၂၀၂၁ ဖေဖော်၀ါရီလ စစ်အာဏာသိမ်းမှုအပြီးတွင် စစ်ကောင်စီအစိုးရမှ ရရှားနှင့် အီတလီ ကုမ္ပဏီများ၏အကူအညီဖြင့် အဆိုပါစီမံကိန်းများကိုပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။ ပင်းပက်သံမဏိစက်ရုံသည် ရှရှားအစိုးရပိုင် Tyazhpromexport ကုမ္ပဏီနှင့်ဖက်စပ်လုပ်ငန်းဖြစ်ပြီး ၄င်းသည် အရည်အသွေးနိမ့်သော သံရိုင်းများကို တစ်ဆင့်တည်းဖြင့်အရည်ကျိုနိုင်သည့် ရှရှားနည်းပညာ romelt ကိုအသုံးပြုရန် ဒီဇိုင်းထုတ်ထားသည်။အဆိုပါလုပ်ဆောင်မှုအတွက်လိုအပ်သော သီးခြားအဆင့်ရှိသည့် ကျောက်မီးသွေးကို ကျေးသီးဒေသမှသာရရှိနိုင်သည်။ … Continue reading စစ်ကောင်စီ၏ ပင်းပက်-မြင်းခြံ သံမဏိထုတ်လုပ်မှုအတွက် အကြီးစားကျောက်မီးသွေးတူးဖော်မှုကို ရှမ်းပြည်အလယ်ပိုင်းတွင်စတင်နေ