ကုမ္ပဏီတံဆိပ်
အမျိုးအစား
သတ္တုတူးဖော်ရေး, ဘိလပ်မြေထုတ်ကုန်, သကြားနှင့်ဓာတ်မြေသြဇာ
လိပ်စာ / ဆက်သွယ်ရန်
No.414/1, Corner of 35th & 65th Street, Chan Aye Thar Zan Township, Mandalay, Myanmar
Links
ဖော်ပြချက်
ငွေရည်ပုလဲသည် မန္တလေးအခြေစိုက် လုပ်ငန်းစုတစ်ခုဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း ကြီးမားသော ကျောက်မီးသွေးတူးဖော်မှုလုပ်ငန်းများနှင့် ဘိလပ်မြေ၊ သကြားနှင့် ဓာတ်မြေသြဇာစက်ရုံများကို လည်ပတ်လုပ်ကိုင်လျက်ရှိသည်။.
၎င်း၏ လုပ်ငန်းခွဲဖြစ်သော မန္တလေးဖြန့်ချီရေးနှင့်သတ္တုတူးဖော်ရေးလုပ်ငန်းနှင့်အတူ ငွေရည်ပုလဲသည် ရှမ်းပြည်နယ်ရှိ သီပေါ၊ ရပ်စောက် (လောက်ေစော်)၊ နမ့်စန် ၊ ကျောက်မဲနှင့် ကျေးသီးမြို့နယ်များရှိ ကျောက်မီးသွေးတွင်းများကို လုပ်ကိုင်လျက်ရှိသည်။ 2000 ခုနှစ်တွင် စတင်တည်ထောင်ပြီးကတည်းက မြန်မာစစ်တပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် နီးကပ်စွာ ဆက်ဆံမှုရှိခဲ့သည်။
ကုမ္ပဏီဒါရိုက်တာတစ်ဦးဖြစ်သည့် ဦးစိန်မျိုးအောင်သည် ယခင်က မကွေးနှင့် စစ်ကိုင်းတို့တွင် အဂတိလိုက်စားမှု ဖြင့်လူသိများသော လူဝင်မှုကြီးကြပ်ရေးအရာရှိဟောင်းတစ်ဦးဖြစ်သည်။
ငွေရည်ပုလဲ၏လုပ်ငန်းအမှတ်တံဆိပ်များမှာ
- Crown ဘိလပ်မြေ
- ဆင်းရွှေလီသကြား
- သံတောင်ဦးသကြား
- ဇာမနီမြေသြဇာ တို့ဖြစ်သည်။