ရှမ်းပြည်မြောက်ပိုင်းတွင် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပိုင် ကုမ္ပဏီမှ အငြင်းပွားဖွယ်ရာ နမ္မတူရေကာတာ တည်ဆောက်မှုကိုအရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိ

ရှမ်းပြည်မြောက်ပိုင်းတွင် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ပိုင် ကုမ္ပဏီမှ အငြင်းပွားဖွယ်ရာ နမ္မတူရေကာတာ တည်ဆောက်မှုကိုအရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိ

ဒေသခံလူမှုအသိုင်းအ၀ိုင်း၏ အတိုက်အခံပြုလုပ်မှုများကြား၌ ရှမ်းပြည်မြောက်ပိုင်း၊သီပေါမြို့၏ မြောက်ဘက် ၂၀ ကီလိုမီတာအကွာရှိ နမ္မတူ/မြစ်ငယ်မြစ်ပေါ်တွင် ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)ပိုင် ကုမ္ပဏီသည် နမ္မတူရေကာတာ ဆောက်လုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

 

၂၀၂၂ ခုနစ် ဧပြီလ ၂၉ ရက်နေ့ တွင်  နေပြည်တော်၌ ဓာတ်အား ၂၁၀ မဂ္ဂဝပ် ထုတ်လုပ်မည့် နမ္မတူ (သီပေါ) ရေကာတာကို ဆောက်လုပ်ရန် UWSA ပိုင် Natural Current Energy Hydropower Company (NCEH) နှင့် စစ်ကောင်စီ ၏ လျှပ်စစ်ဓာတ်အားစီမံရေး ဦးစီးဌာနတို့အကြား တရား၀င် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ထိုကတည်းက ဒေသခံများသည် ရေကာတာစီမံကိန်းတွင် ကြီးမားသော ၀န်တင်ယာဥ်များ လားရိူး ဘက်မှ ရောက်လာခြင်း၊ မြန်မာစကားမပြောတတ်သော တရုတ်အလုပ်သမား ရာနှင့်ချီ၀င်ရောက်လာခြင်း စသည့် ထူးခြားသော လှုပ်ရှားမှုများကို သတိပြုမိခဲ့ကြပြီး ၄င်းမှာယခုစီမံကိန်းသည် တရုတ်ကျောထောက်နောက်ခံ ထားခြင်းဖြစ်သည် ဟူသော  ယူဆချက်ကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံနေသည်။

 

သဘာဝပတ်ဝန်းကျင် ထိခိုက်စေမှု အစီရင်ခံစာ(EIA) မထွက်ရှိသေးဘဲ စီမံကိန်းအတွက် တရားဝင် လုပ်ကိုင်ခွင့် မကျသေးသော ၂၀၁၇ ခုနစ်ကတည်းကပင် NCEH သည် အနေနဲ့ ဆည်တည်ဆောက်ရန် စတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်သည် ။ နမ္မတူ ရေကာတာစီမံကိန်းအနီးတွင် NCEHမှ တရားမ၀င် လမ်းသစ် ဖောက်လုပ်ခြင်း၊ သစ်တောခုတ်ထွင်းရှင်းလင်းခြင်း ၊ အလုပ်သမားအိမ်ယာ တည်ဆောက်ခြင်းများ ပြုလုပ်နေမှုကို ပါတ်သက်ပြီး  ဒေသခံလှုမှုအဖွဲ့အစည်း တစ်ခုဖြစ်သော ရှမ်းပြည်မြစ်ချောင်းများ ကွန်ယက်မှ ၂၀၂၀ ခုနှစ်တွင် ထုတ်ဖော်တင်ပြ ခဲ့သည်။

 

၂၀၁၈-၂၀၁၉ ခုနှစ်တွင် အဆိုပါ တရားမဝင်ဆောက်လုပ်နေသော တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှမ်းအမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ နန်းခမ်းအေးမှ နေပြည်တော်လွှတ်တော်တွင် တရား၀င်တိုင်ကြားမှုများပြုလုပ်ခဲ့ပြီး နမ္မတူရေကာတာ စီမံကိန်းကို ရပ်ဆိုင်းရန် တောင်းဆိုခဲ့သည်။  သို့သော်လည်း ရေကာတာတည်ဆောက်ရေးအတွက် ပြင်ဆင်နေသော NCEH အပေါ်  ပြင်းထန်သောအရေးယူမှု တစ်စုံတစ်ရာ မရှိလာခဲ့ပါ။

 

၂၀၁၃ခုနှစ်ကတည်းက NCEH သည် ၄င်းတို့၏ website တွင် ရေအားလျှပ်စစ်စီမံကိန်းများအတွက် “ဒီဇိုင်းရေးဆွဲခြင်း ၊ ရင်းနှီးမြှုပ်နှံခြင်း ၊ အကောင်ထည်ဖော်တည်ဆောက်ခြင်းများ”လုပ်ကိုင်ခဲ့သည်ဟု ဖော်ပြခဲ့သော်လည်း နမ္မတူရေကာတာစီမံကိန်း နှင့် ပက်သက်သော အချက်အလက်များမှလွဲ၍ အခြားစီမံကိန်းများတွင် ပါ၀င်ထားသော မှတ်တမ်းများမရှိပေ။ ယခုကုမ္ပဏီ အနေနှင့် နမ္မတူရေကာတာစီမံကိန်း  ဆောက်လုပ် လွှဲပြောင်းခွင့် ( BOT ) ကို ၂၀၁၄ ကတည်းက MOU သဘောတူချက် ရေးထိုးထားရုံသာမက နမ္မတူရေကာတာမှ ကျောက်မဲမြို့နယ် အထက်ရဲရွာ ရေကာတာအထိ ၄၇ မိုင် ရှည်လျားသော 230 kv  ဓါတ်အားလိုင်း သွယ်တန်းမှု BOTကိုလည်း ရရှိထားသည်။

 

၂၀၁၈ တွင်ထွက်ရှိခဲ့သော My Asia Consulting ၏ EIA  အစီရင်ခံစာများအရ နမ္မတူရေကာတာသည် တည်ဆောက်မှု ကုန်ကျစရိတ် အနည်းဆုံး USD 436 million (အမေရိကန်ဒေါ်လာ သန်းပေါင်း လေးရာသုံးဆယ့်ခြောက်သန်းခန့် ) ရှိမည်ဟုသိရသော်လည်း BOT တွင် မည်သည့်သဘောတူညီချက်များ ပါရှိပြီး NCEH အနေဖြင့် အဆိုပါ ကုန်ကျစရိတ်များပြားသော စီမံကိန်းအတွက် ငွေကြးများကိုမည်သို့ရရှိထားပုံကို တရား၀င်ထုတ်ဖော်ထားခြင်းမရှိပေ။ 

 

210 MW ပမာဏရှိသော နမ္မတူရေကာတာစီမံကိန်းသည် နမ္မတူမြစ်ပေါ်တွင် တည်ဆောက်ရန်စီစဥ်ထားသော ရေကာတာစီမံကိန်း ၅ ခုအနက် တတိယမြောက်ရေကာတာဖြစ်သည် ။ နမ္မတူမြစ်အောက်ပိုင်းတွင် တည်ဆောက် နေသာ ၇၉၀ မဂ္ဂ၀ပ်ရှိ ရဲရွာရေကာတာစီမံကိန်းသည် ၂၀၁၀ ခုနစ်တွင်ပြီးစီးခဲ့ပြီး ၂၀၀၈ ခုနစ်ကတည်းကတည်ဆောက် နေသော ၂၈၀ မဂ္ဂ၀ပ်ရှိ အထက်ရဲရွာရေကာတာမှာမူ ပြီးစီးခြင်းမရှိသေးပေ။ 

နမ္မတူရေကာတာစီမံကိန်းနှင့်ပတ်သက်၍ လူထု၏စိုးရိမ်မှုများ

1. ပွင့်လင်းမြင်သာမှုမရှိခြင်း

နမ္မတူရေကာတာစီမံကိန်းသည် အစကတည်းကပင်လျို့၀ှက်ဖုံးကွယ်မှုများစွာရှိနေသည်။၂၀၁၄ ခုနစ် ဧပြီလတွင်ရေးထိုးခဲ့သော မူလ MOU သဘောတူညီချက်တွင် ၁၀၀ မဂ္ဂ၀ပ် ရေကာတာသာဖြစ်ပြီး  ၄င်းပမာဏကို  နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း(IFC) ၏ မြန်မာနိုင်ငံရေအားလျှပ်စစ်ဆိုင်ရာ မဟာဗျူဟာမြောက်ပတ်၀န်းကျင်အစီရင်ခံစာတွင်ဖော်ပြထားသည်။ သို့‌သော် My Asia Consulting ၏ EIA စစ်တမ်းမှ  ၂၀၁၈ တွင် နမ္မတူဆည်စီမံကိန်းပမာဏသည် ၂၁၀ မီဂါဝပ်ထိ တိုးမြင့်သွားကြောင်း ဖော်ပြထားသည်။

 

စစ်ကောင်စီ လျှပ်စစ်စွမ်းအား၀န်ကြီးဌာန website တွင်လက်ရှိဖော်ပြထားသော “တည်ရှိပြီးသားနှင့်တည်ဆောက်နေဆဲ မဟာဓာတ်အားလိုင်းများ” မြေပုံတွင် နမ္မတူရေကာတာစီမံကိန်းနှင့် အထက်ရဲရွာစီမံကိန်းနှင့်ချိတ်ဆက်ထားသော ၂၃၀ ကီလို၀ပ်ဓာတ်အားလိုင်းကိုပါ ဖော်ပြထားခြင်းမရှိပါ။

 

ယခုဓာတ်အားလိုင်းအသစ်မှာ တရုတ်နိုင်ငံမှ စီစဥ်ထားသော မူဆယ်-မန္တလေး လျှပ်စစ်ရထားလမ်း သစ်နှင့် နီးစပ်နေကာ နမ္မတူရေကာတာ၏ အဓိကရည်ရွယ်ချက်မှာ ဒေသခံများ၏ လျှပ်စစ်လိုအပ်ချက်ထက် တရုတ်ရထားလမ်းစီမံကိန်းကိုဓာတ်အားပေးရန် ဟူသောထင်ကြေးများကို ပိုမိုတိုးမြင့်လာစေပါသည်။ရထားလမ်းဓာတ်အားစနစ်၏သဘာ၀ပတ်၀န်းကျင်ဆိုင်ရာထိခိုက်မှုအစီရင်ခံစာ (EIA) တွင် ရထားလမ်းစီမံကိန်းအတွက်(ဒေသခံများ၏ ပြင်းထန်သော လက်မခံမှုကိုရင်ဆိုင်နေရသည့် အခြားစီမံကိန်းတစ်ခု) အဓိကစွမ်းအင်အရင်းအမြစ်မှာ ရေအားလျှပ်စစ် ဖြစ်သည်ဟုဖော်ပြထားသည်။ 

EIA diagram

မူဆယ်-မန္တလေးရထားလမ်း(ဓာတ်အားပေးစနစ်) EIA မှ သရုပ်ပြပုံ

2. လူမှုနှင့်သဘာ၀ပတ်၀န်းကျင်ထိခိုက်မှု

MyAsia Consulting၏ အစီရင်ခံစာတွင်  EIA လေ့လာမှုအဆင့်အတွင်း အသေးစိတ်လေ့လာရမည့် ရေကာတာတွင်စီမံကိန်းနှင့် ပက်သက်သည့် မြောက်များစွာသော ဆိုးကျိုးသက်ရောက်မည့် ဖြစ်စဉ်များကို ဖော်ပြထားသည် ။ သို့သော်လည်းရေကာတာနှင့် ပက်သက်ပြီး EIA ထုတ်ပြန်ချက်မှာ လူထုအားတရားဝင် ချပြထားမှုမရှိသေးပေ။

 

စစ်ဆေးချက်အစီရင်ခံစာတွင်ဖော်ပြထားသည့် မြစ်အထက်ပိုင်း ရေကာတာတည်ဆောက်မှုကြောင့် ထိခိုက်စေမည့် အချက်မှာ ရေကာတာ၏ ရေလွှမ်းဧရိယာသည် ၁၄၀ ဟက်တာရှိ စိုက်ပျိုးမြေနှင့် လီလုရှမ်းရွာတစ်ခုလုံးကို နှစ်မြုပ်သွားစေမည်ဖြစ်သည်။ မြစ်အောက်ပိုင်း သက်ရောက်မှု  တွင် မြစ်အောက်ပိုင်းကမ်းပါးများကို အနည်အနှစ်များရောက်ရှိမှုနည်းခြင်း၊ရေလမ်းကြောင်း အရည်အသွေး ထိခိုက်ခြင်း ၊ ရေနေသက်ရှိများ ရှင်သန်ရန်ခက်ခဲလာခြင်းနှင့် ဆည်လုံခြုံမှု ပြဿနာများ ထိပါဝင်သည်။”ရေကာတာ  ဘေးကင်းရေးသည်  မြစ်အောက်ပိုင်းဒေသတွင် နေထိုင်သူများအတွက် အရေးကြီးသော စိုးရိမ်စရာ ဖြစ်နေပြီး ဆည်ကျိုးပေါက်မှုကြောင့်ကြီးမားသော ကပ်ဘေးအန္တရာယ် ကို ဖြစ်စေနိုင်သည်“ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။ 

 

နမ္မတူရေကာတာအောက်ဘက် ၂၀ ကီလိုမီတာ ကွာ၀ေးသော နမ္မတူမြစ်ပေါ်ရှိသီပေါမြို့မှ ဒေသခံ နှစ်သောင်းကျော်သည် အဆိုပါဘေးဒုက္ခကို တိုက်ရိုက် ထိခိုက်ခံစားရမည်ဖြစ်သည်။ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေများလာလျှင် မြို့၏နေရာအချို့တို့သည် ရေကြီးရေလျှံမှု ကိုကြုံတွေ့ရတတ်ကာ ၄င်းမှာ ဆည်ကျိုးပေါက်ခြင်းမရှိသည့်တိုင် ရုတ်တရက် ကြီးမားသော ရေပမာဏထုတ်လွတ်မှုသည် သိသာသော ထိခိုက်မှုကိုဖြစ်စေမည်ဖြစ်သည်။ သို့သော်လည်း ထိုအကြောင်းအရာကိုလေ့လာချက်အစီအရင်ခံစာတွင် ဖော်ပြထားခြင်းမရှိပေ။

လေ့လာချက်အစီရင်ခံစာတွင် အတည်ပြုထားသည့်အခြားဆိုးကျိုးတစ်ခုမှာ မြစ်အထက်ပိုင်းရှိ သတ္တုတူးဖော်မှုကြောင့် ဆည်ရေလှောင်ကန် ညစ်ညမ်းမှုကိုဖြစ်စေနိုင်ခြင်းဖြစ်သည်။၂၀၂၀ ခုနစ်တွင် ရှမ်းပြည်မြစ်ချောင်းများကွန်ယက်မှ “နမ္မတူရေကာတာမှ ၄၀ ကီလိုမီတာကွာ၀ေးသော မြစ်အထက်ပိုင်း၌ ပြန်လည်တူးဖော်ရန်စီစဥ်နေသည့် ကြီးမားသော နမ္မတူဘော်တွင်း ငွေ၊ခဲ မိုင်းကြောင့် ရေကာတာသည် အလွန်ညစ်ညမ်းလာမည်ဖြစ်ပြီး မြစ်အောက်ပိုင်းရှိ ဒေသခံများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်မည်ဖြစ်သည်။ခဲအဆိပ်သည် ကလေးငယ်များအတွက်အန္တရယ်ရှိပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သည်” ဟုသတိပေးထားသည်။အာဏာသိမ်းပြီးနောက် ဘော်တွင်း၌ သတ္တုတူးဖော်မှုသည် အရှိန်အဟုန်ဖြင့်စတင်နေရာ ၄င်းမှာအလွန်စိုးရိမ်ဖွယ်ရာဖြစ်သည်။

 

နမ္မတူရေကာတာတည်ဆောက်သူများ၏ ပွင့်လင်းမြင်သာမှုကင်းမဲ့ခြင်းနှင့် ဒေသခံများ၏ စိုးရိမ်းပူပန်မှု ကို လျစ်လျူရှူနေခြင်းတို့မှာ ရှမ်းဒေသခံအဖွဲ့အစည်းများ၏ နမ္မတူမြစ်ပေါ်တည်ဆောက်နေသော ရေကာတာများအားလုံးကို အမြန်ရပ်တန့်ရန်ဟူသည့် တောင်းဆိုချက်၏ အရေးကြီးမှုကိုဖော်ပြနေပြီး ဒေသခံလူထုမှ ပိုင်ဆိုင်သော သယံဇာတများကို ၄င်းတို့ကိုယ်တိုင်ကာကွယ်ခွင့်ပေးထားသည့် ဖက်ဒရယ် ဖွဲ့စည်းပုံအောက်တွင် အာဏာခွဲ၀ေမှုမရှိမခြင်း မြန်မာတစ်နိုင်လုံးရှိ ရေကာတာ တည်ဆောက်ရေး စီမံကိန်းများကိုရပ်ဆိုင်းထားသင့်သည်။

စစ်ရေးအားပြိုင်မှု မြင့်မားသောနေရာတွင် ဆည်တည်ဆောက်ခြင်း

နမ္မတူမြစ်ကြောင်းတစ်လျှောက်တွင် မြောက်များစွာသော လက်နက်ကိုင်တပ်ဖွဲ့များ တည်ရှိလှုပ်ရှားနေကြပြီး အချို့မှာ စစ်တပ်ကောင်စီတပ်နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားကြပြီး အချို့မှာ စစ်ကောင်စီနှင့်  ပဋိပက္ခဆက်လက်ဖြစ်ပွားနေကြဆဲဖြစ်သည်။ သို့သော်လည်း  ထိုကဲ့သို့ပြိုင်ဆိုင်မှုပြင်းထန်သည့် နေရာများကြားတွင် နမ္မတူရေကာတာနှင့် အထက်ရဲရွာ ရေကာတာများဆက်လက် တည်ဆောက်နေနိုင်ခြင်းမှာ ကွဲပြားသောလက်နက်ကိုင် တပ်ဖွဲ့များထံမှ လုံခြုံရေးအာမခံချက်ရရှိထားခြင်းဖြစ်သည်ကို ရှင်းလင်းစွာမြင်နိုင်သည်။

 

အဆိုပါရေကာတာများမှာ ဒေသခံများ၏ ပြင်းထန်စွာကန့်ကွက်ခြင်းကိုခံနေရပြီး တရားမ၀င်သော စစ်ကောင်စီနှင့် ရေကာတာရင်းနှီးမြုပ်နှံသူများ၏ အကျိုးစီးပွားတွက်သာဖြစ်ကာ UWSA အနေဖြင့် ထိုစီမံကိန်းတည်ဆောက်မှုမှ တိုက်ရိုက်အကျိုးအမြတ်ကိုရရှိနေပြီး လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များ၏ ဦးတည်ချက်နှင့် အဘယ်ကြောင့်ရေကာတာများကို  ဆက်လက်တည်ဆောက် ခွင့်  ပြုနေသနည်း ဟူသောလေးနက်သည့်မေးခွန်းများမြင့်တက်လာနေသည်။

 

၂၀၂၃ ခုနစ် ဧပြီလ ၂၅ ရက်နေ့တွင် ရှမ်းအရပ်ဘက်အဖွဲ့အစည်းများမှ ရှမ်းပြည်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများသို့ အိတ်ဖွင့်ပေးစာ ပေးပို့ကာ နမ္မတူရေကာတာနှင့် အထက်ရဲရွာ ရေကာတာများကြောင့်ဖြစ်လာနိုင်သောဆိုးကျိုးများနှင့် အဆိုပါစီမံ ကိန်းများတွင် စစ်ကောင်စီအစိုးရ၏ တာ၀န်ခံမှုများကင်းမဲ့ခြင်းကြောင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရာတွင်ထိခိုက်မည်ကိုစိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည်။၄င်းတို့မှ လက်နက်ကိုင်တပ်ဖွဲ့များနှင့် နိုင်ငံရေးပါတီများကို ဒေသခံများနှင့်အတူရပ်တည်ရန်နှင့် ရေကာတာတည်ဆောက်ရေးလုပ်ငန်းများကို “မည်သည့်နည်းနှင့်မဆို“ကူညီတားဆီးရန်တောင်းဆိုခဲ့ကြသည်။