Search
Close this search box.

ကုမ္ပဏီအမည်ပျက်စာရင်း

ကုမ္ပဏီအမည်

Danieli Co. Ltd. (Italy)

ကုမ္ပဏီတံဆိပ်
danieli
အမျိုးအစား

သံမဏိထုတ်လုပ်မှု

လိပ်စာ / ဆက်သွယ်ရန်

Head Office:
Danieli & C. S.p.A.
Via Nazionale, 41
33042 Buttrio (UD) Italy

Links
ဖော်ပြချက်

အီတလီကုမ္ပဏီ Danieli သည် ၄င်းတို့ကိုယ်၄င်းတို့ “ကမ္ဘာပေါ်ရှိ သတ္တုစက်ရုံများအတွက် စက်နှင့် စက်ရုံတည်ဆောက်မှုတွင် ထိပ်သီးသုံးခုထဲမှတစ်ခု” ဟုခေါ်ပြီး မြန်မာစစ်အစိုးရ အဆက်ဆက်နှင့် လက်တွဲလုပ်ဆောင်ခဲ့သည့် သမိုင်းကြောင်းရှိသည်။ Danieli  သည် ပြင်ဦးလွင်အနီး အနီးစခန်းတွင် နိုင်ငံ၏ ပထမဆုံး သံနှင့်သံမဏိစက်ရုံကို ၁၉၇၉ ခုနှစ် နေဝင်း စစ်အစိုးရလက်ထက်တွင် ဆောက်လုပ်ရန် ကူညီပေးကာ မြန်မာနိုင်ငံတွင် စတင်၀င်ရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ထို့နောက် Danieli သည် မကွေတိုင်းဒေသကြီး ကျောက်ဆွဲကြိုး၊ အောင်လံမြို့နယ်တွင် သံမဏိစက်ရုံတစ်ရုံကို နအဖစစ်အစိုးရနှင့် ပူးပေါင်းကာ ၁၉၉၈ စတင်လည်ပတ်ခဲ့ပြီး နောက် ၂၀၁၀ခုနစ်မတ်လတွင် စတင်တည်လည်ပတ်မည်ဟု ကြေညာခဲ့သော မြင်းခြံသံမဏိစက်ရုံကိုလည်းတည်ဆောက်ခဲ့သည်။ Danieli သည် ပင်းပက် သံစက်ရုံတည်ဆောက်ရေးတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု လည်း သတင်း များထွက်ပေါ်ခဲ့သည်။

 

2021 ခုနှစ် စက်တင်ဘာလတွင် Danieli သည် မြင်းခြံစတီးလ်စက်ရုံတည်ရှိရာ မြင်းခြံမြို့ ဆားခါးရွာကို ၎င်းတို့လုပ်ငန်းရုံးချုပ်အဖြစ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် ပြန်လည်မှတ်ပုံတင်ခဲ့သည်။

ထုတ်ကုန် / လှုပ်ရှားမှုများ