Search
Close this search box.

ကုမ္ပဏီအမည်ပျက်စာရင်း

ကုမ္ပဏီအမည်

High Tech Construction Trust (ရွှေတောင်လုပ်ငန်းစု၏ တစ်စိတ်တစ်ပိုင်း)

ကုမ္ပဏီတံဆိပ်
shan state frontline investment monitor company blacklist htct shwe taung
အမျိုးအစား

ဆောက်လုပ်ရေးပစ္စည်း၊ဖြန့်ချီရေး ၊အင်ဂျင်နီယာနှင့်ဆောက်လုပ်ရေး ၊အခြေခံအဆောက်အဦး ရင်းနှီးမြုပ်နှံမှု၊ လူနေမှုဘ၀ နှင့် အိမ်ခြံမြေလုပ်ငန်း

ရုံးချုပ် (HTCT နှင့် ရွှေတောင်အုပ်စု)

ကမ်းနားလမ်း၊ အလုံတာဝါ၊ River View Garden အိမ်ရာ၊ ဆင်မင်းရပ်ကွက်၊ အလုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

အကြောင်းအရာ

High Tech Construction Trust Co. Ltd. (HTCT) သည် မြန်မာနိုင်ငံတွင် အကြီးဆုံး စီးပွားရေးလုပ်ငန်းစုများထဲမှ တစ်ခုဖြစ်သည့် ရွှေတောင်လုပ်ငန်းစု၏ လက်အောက်ခံ ကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး၊ ၎င်း၏ အဓိက လုပ်ဆောင်မှုများကို “ဆောက်လုပ်ရေးပစ္စည်းများ၊ ဖြန့်ဖြူးရောင်းချခြင်း၊ အင်ဂျင်နီယာနှင့် ဆောက်လုပ်ရေးလုပ်ငန်း၊ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများ၊ လူနေမှု နှင့် အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်း” ဟု ဖော်ပြထားသည်။ ရွှေတောင်အုပ်စုကို ၁၉၉၀ ပြည့်အလွန်နှစ်များက စတင်တည်ထောင်ခဲ့ပြီး၊ တည်ထောင်သူမှာ မြန်မာ့အချမ်းသာဆုံး သူဌေးကြီး အိုက်ထွန်းဖြစ်သည်။ ၎င်းသည် နအဖစစ်အစိုးရနှင့် နီးစပ်သော ဆက်ဆံရေးမှ အကျိုးအမြတ်များ ရရှိခဲ့သူတစ်ဦးဖြစ်သည်။

 

ရွှေတောင်အုပ်စုသည် နမ္မတူမြစ် (မြစ်ငယ်မြစ်) ပေါ်ရှိ ရဲရွာရေကာတာ တည်ဆောက်ရေး နှင့် ကရင်နီပြည်နယ်ရှိ အမှတ်၃ ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းတို့၌ ပါဝင်ခဲ့သည်။

 

HTCT (High Tech Concrete Technology) ကုမ္ပဏီ သည် ၂၀၁၀ ခုနှစ်တွင် အထက်ရဲရွာ ရေကာတာစီမံကိန်း၏ မြေသားပြုပြင်ဆောင်ရွက်ရန်အတွက် ရွေးချယ်ခန့်အပ်ခြင်းခံခဲ့သည်။

 

HTCT သည် Andritz Hydro နှင့် Kansai Electric Power ကုမ္ပဏီ  တို့နှင့် အကျိုးတူပူးပေါင်း၍ နမ္မတူမြစ် (မြစ်ငယ်မြစ်) ပေါ်တွင် လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၆၀ထုတ် ဒီးဒုတ်ရေကာတာ တည်ဆောက်နိုင်ရေးအတွက်၊ မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနထံမှ ခွင့်ပြုမိန့်ကို ၂၀၁၈ခုနှစ်၊ ဩဂုတ်လ ၁၇ရက် ရက်တွင် ရရှိခဲ့သည်။ ၂၀၂၁ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် ၎င်းအကျိုးတူလုပ်ငန်းသည် “လက်ရှိဖြစ်ပေါ်နေသော စိန်ခေါ်မှုများ” ကြောင့်ဟုဆိုကာ ထိုစီမံကိန်းကို ဆိုင်းငံ့ထားခဲ့သည်။

ထုတ်ကုန်များ