ကုမ္ပဏီတံဆိပ်
အမျိုးအစား
ဆက်သွယ်ရေး၊ စွမ်းအင်၊ ဓာတ်အား၊ အိမ်ခြံမြေလုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် ခရီးသွားလုပ်ငန်း
IGE Power ရုံး
အမှတ် 36-G၊ 37-F၊ Level-20၊ Office Tower (2)၊ Time City၊ ကျွန်းတောလမ်းနှင့် ဟံသာဝတီလမ်းထောင့်၊ (၇)ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ 11041
အကြောင်းအရာ
IGE Power ကုမ္ပဏီလီမိတက် သည် မြန်မာနိုင်ငံရှိ အကြီးဆုံး စီးပွားရေးလုပ်ငန်းစုများထဲမှ တစ်ခုဖြစ်သည့် International Group of Entrepreneurs (IGE လုပ်ငန်းစု) ၏ လက်အောက်ခံ ကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး၊ ဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အား၊ စွမ်းအင်၊ အိမ်ခြံမြေရောင်းဝယ်ရေး၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး စသည့်လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်လျက်ရှိသည်။ IGE လုပ်ငန်းစု ကို နအဖစစ်အစိုးရလက်ထက် စက်မှု ၁ ဝန်ကြီးဟောင်း ဗိုလ်ချုပ်အောင်သောင်း၏သားနှစ်ဦးဖြစ်သူ ဦးနေအောင်နှင့် ဦးပြည်အောင်တို့က ၁၉၉၄ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ဦးနေအောင်သည် လက်ရှိ IGE လုပ်ငန်းစု ၏ ဥက္ကဌ ဖြစ်သည်။
IGE လုပ်ငန်းစု သည် တရုတ်နှင့် ထိုင်းကုမ္ပဏီများနှင့် ပူးပေါင်းပြီး သံလွင်မြစ်ပေါ်တွင် ရေကာတာများတည်ဆောက်ရန် စီစဉ်နေသည်။ ထိုတည်ဆောက်ရန် စီစဉ်နေသော ရေကာတာများသည် အဓိကအားဖြင့် ရေအားလျှပ်စစ်ထုတ်လုပ်ရန်ဖြစ်ပြီး၊ ၎င်းတို့မှာ ရှမ်းပြည်နယ်တွင် ၂ခု (Hydrochina ဖြင့်ပူးပေါင်းသော လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၁၂၀၀ထုတ် နောင်ဖရေကာတာ နှင့် China Three Gorges Corporation၊ Sinohydro/Powerchina နှင့် Electricity Generating Authority of Thailand/EGAT တို့ဖြင့်ပူးပေါင်းသော လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၇၀၀၀ ထုတ် မိုင်းတုံရေကာတာ) နှင့် ကရင်ပြည်နယ်တွင် ၁ခု (Sinohydro/Powerchina and EGAT ဖြင့်ပူးပေါင်းသော သံလွင်မြစ်ပေါ်ရှိ လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၁၃၆၅ထုတ် ဟတ်ကြီးရေကာတာ) တို့ဖြစ်သည်။
IGE Power (ယခင်အမည် International Power Group, IPG) သည် လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၂၈၀ထုတ် အထက်ရဲရွာရေကာတာ၏ မြေအောက်လုပ်ငန်းများဆောက်ရွက်ရန်အတွက်၊ ပြင်သစ်ကုမ္ပဏီ Razel-Bec နှင့် ဖက်စပ်လုပ်ငန်း IPGRB ကို 2015 ခုနှစ်တွင် တည်ထောင်ခဲ့သည်။