Search
Close this search box.

ကုမ္ပဏီအမည်ပျက်စာရင်း

ကုမ္ပဏီအမည်

IGE Power

ကုမ္ပဏီတံဆိပ်
shan state frontline investment monitor company blacklist ige power
အမျိုးအစား

ဆက်သွယ်ရေး၊ စွမ်းအင်၊ ဓာတ်အား၊ အိမ်ခြံမြေလုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် ခရီးသွားလုပ်ငန်း

IGE Power ရုံး

အမှတ် 36-G၊ 37-F၊ Level-20၊ Office Tower (2)၊ Time City၊ ကျွန်းတောလမ်းနှင့် ဟံသာဝတီလမ်းထောင့်၊ (၇)ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ 11041

အကြောင်းအရာ

IGE Power ကုမ္ပဏီလီမိတက် သည် မြန်မာနိုင်ငံရှိ အကြီးဆုံး စီးပွားရေးလုပ်ငန်းစုများထဲမှ တစ်ခုဖြစ်သည့် International Group of Entrepreneurs (IGE လုပ်ငန်းစု) ၏ လက်အောက်ခံ ကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး၊ ဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အား၊ စွမ်းအင်၊ အိမ်ခြံမြေရောင်းဝယ်ရေး၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး စသည့်လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်လျက်ရှိသည်။ IGE လုပ်ငန်းစု ကို နအဖစစ်အစိုးရလက်ထက် စက်မှု ၁ ဝန်ကြီးဟောင်း ဗိုလ်ချုပ်အောင်သောင်း၏သားနှစ်ဦးဖြစ်သူ ဦးနေအောင်နှင့် ဦးပြည်အောင်တို့က ၁၉၉၄ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ဦးနေအောင်သည် လက်ရှိ IGE လုပ်ငန်းစု ၏ ဥက္ကဌ ဖြစ်သည်။

 

IGE လုပ်ငန်းစု သည် တရုတ်နှင့် ထိုင်းကုမ္ပဏီများနှင့် ပူးပေါင်းပြီး သံလွင်မြစ်ပေါ်တွင် ရေကာတာများတည်ဆောက်ရန် စီစဉ်နေသည်။ ထိုတည်ဆောက်ရန် စီစဉ်နေသော ရေကာတာများသည် အဓိကအားဖြင့် ရေအားလျှပ်စစ်ထုတ်လုပ်ရန်ဖြစ်ပြီး၊ ၎င်းတို့မှာ ရှမ်းပြည်နယ်တွင် ၂ခု (Hydrochina ဖြင့်ပူးပေါင်းသော လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၁၂၀၀ထုတ် နောင်ဖရေကာတာ နှင့် China Three Gorges Corporation၊ Sinohydro/Powerchina နှင့် Electricity Generating Authority of Thailand/EGAT တို့ဖြင့်ပူးပေါင်းသော လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၇၀၀၀ ထုတ် မိုင်းတုံရေကာတာ) နှင့် ကရင်ပြည်နယ်တွင် ၁ခု (Sinohydro/Powerchina and EGAT ဖြင့်ပူးပေါင်းသော သံလွင်မြစ်ပေါ်ရှိ လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၁၃၆၅ထုတ် ဟတ်ကြီးရေကာတာ) တို့ဖြစ်သည်။

 

IGE Power (ယခင်အမည် International Power Group, IPG) သည် လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၂၈၀ထုတ် အထက်ရဲရွာရေကာတာ၏ မြေအောက်လုပ်ငန်းများဆောက်ရွက်ရန်အတွက်၊ ပြင်သစ်ကုမ္ပဏီ Razel-Bec နှင့် ဖက်စပ်လုပ်ငန်း IPGRB ကို 2015 ခုနှစ်တွင် တည်ထောင်ခဲ့သည်။

ထုတ်ကုန်များ