ကုမ္ပဏီအမည်ပျက်စာရင်း

ကုမ္ပဏီအမည်

Surbana Jurong

ကုမ္ပဏီတံဆိပ်
sj
အမျိုးအစား

ဖွံ့ဖြိုးရေးအတိုင်ပင်ခံ

ရုံးချုပ်

160 Bukit Merah Central, Singapore 

အကြောင်းအရာ

Surbana Jurong ကုမ္ပဏီသည် ၂၀၁၅ခုနစ်တွင်စတင်တည်ထောင်သော စင်္ကာပူအခြေစိုက် မြို့ပြနှင့် အခြေခံအဆာက်အအုံ အတိုင်ပင်ခံလုပ်ငန်းတစ်ခုဖြစ်ပြီး စင်္ကာပူအစိုးရပိုင်ရင်းနှီးမြုပ်နှံ မှုလုပ်ငန်းတစ်ခုဖြစ်သော Temasek မှအလုံးစုံပိုင်ဆိုင်သည်။


၂၀၁၃ ခုနစ်မှစတင်ကာ Surbana Jurong သည် မြန်မာနိုင်ငံတွင်စတင်လုပ်ငန်းဆောင်ရွက်ခဲ့ပြီး ၂၀၁၄ ခုနစ်တွင် ရန်ကုန်၌ ရုံးခွဲစတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၁၆ ခုနစ်တွင် ၄င်းသည် တရုတ်နိုင်ငံ CITIC နှင့်ပူးပေါင်းလုပ်ဆောင်သော ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းအပါအ၀င် စီမံကိန်းပေါင်း ၄၀ ကျော်တွင်ပါ၀င်လုပ်ဆောင်ခဲ့သည်။


၂၀၁၆ ခုနစ်တွင် ၄င်းသည် သြစတေးလျအခြေစိုက် အတိုင်ပင်ခံလုပ်ငန်း SMEC ကို ရာနှုန်းပြည့် လက်လွဲရယူခဲ့သည်။